Thursday, 13 October 2011

ဂင်္ဂါမြစ်ကမ်း


 ဂင်္ဂါမြစ်ကမ်း မြင်ကွင်းတစ်ချို့။
ရာဇ၀င် အခန်းခန်းမှာ တစ်ခန်းတနား ပါဝင်ခဲ့သော
မြစ်ကြီး ဂင်္ဂါ ကမ်းခြေမှာ ငေးမောရင်း..
ရာဇ၀င်များရဲ့ သတို့သမီး ၊
ချစ်ရသော ဧရာဝတီ အကြောင်း
တွေးမိလေတိုင်း ရင်ဖိုမောဟိုက် ပူလောင်ရတယ်။




 ဂင်္ဂါမြစ်ရေ ချိုးရင်... ကောင်းခြင်းမင်္ဂလာတွေ ပြည့်ဝစေတယ်လို့ 
ယုံကြည်သူများ အတွက် ဟိုတုန်းက ရေချိုးဆိပ်များ။

 အမျိုးသမီးနှင့် ကလေးများ ရေချိုးဆိပ်။



  ၁၂. ၁၀. ၂၀၁၁ ..Ramnagar Varanasi . India
 ၁၂. ၁၀. ၂၀၁၁နေ့က ဂင်္ဂါ မြစ်ကမ်းခြေမှာ။

Monday, 10 October 2011

မိဂဒါဝုန်

၁၁.၁၀.၂၀၁၁...
အော်... နှစ်တွေများစွာ ရင်ကိုထိရှခဲ့သော ပွတ်တိုက် လှုပ်ရှားခဲ့သော 
သာရနာထ (sarnath) မိဂဒါဝုန် တောဝယ်။

Sunday, 9 October 2011

ဗာရာဏသီ

ငယ်စဉ်က ရင်ခုန်လှိုက်မော မေ့မေ့ ပြောပြတဲ့
အိပ်ယာဝင်ပုံပြင်တွေထဲက
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ
ဗြဟ္မဒတ်မင်းကြီး အုပ်စိုးသတဲ့။ ဆိုသော
ဗာရာဏသီမြို့မှာ သူငယ်ချင်းတွေနဲ ပျော်ရွှင်ခဲ့ရသော နေ့တွေ
အခုတော့ လွမ်းမောဘွယ်ပ။


ဇေတ၀န်ကျောင်းတော်


9. 10. 2011 ဇေတ၀န်ကျောင်းတော်၊ သာဝတ္ထိ။ သူငယ်ချင်း ဓမ္မဂင်္ဂါ မိသားစုနှင့် ဘုရားဖူး ခရီးစဉ်။









Tuesday, 13 September 2011

မြို့ဆိုတာ ပျက်တတ်တယ်။ သတိထား။

  ဘ၀ရဲ့ အချိန်တစ်ခုမှာ ခိုနားခဲ့ဖူးတဲ့ အရိပ်အေးတစ်ခုပါ။

အချိန် အကြာကြီးနေခဲ့တာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဆရာတော်ရဲ့ သြ၀ါဒကို ဒီနေ့တော့ ထူးထူးခြားခြားကြီး

အမှတ်ရနေတာပါ။

ဆရာတော်က နိုင်ငံလဲ ကျော်ပါတယ်။ သီလဂုဏ် ရိုးဂုဏ် စတာတွေ

ကြောင့်လည်း သံဃာထုကပါ ကြည်ညိုပါတယ်။ စကားပြောရင်

ရိုးရိုးရှင်းရှင်းပဲ ပြောပါတယ်။

ဥပုသ်နေ့တစ်နေ့မှာ ဘုရားဝတ်ပြုပြီး ဆရာတော်က ဦးဇင်း ကိုရင်တွေ

မြို့ရောက်လာရင် ကောင်းအောင်နေဖို့။ ကောင်းအောင် မနေတတ်ရင်

ပျက်စီးတတ်တဲ့ အကြောင်းပြောပါတယ်။



.. ကိုရင်တို့ ဦးဇင်းတို့ ကောင်းအောင်နေကြ။ မြို့ကြီး ပြကြီးဆိုတာ

ပျက်စီးတတ်တယ်။ ငယ်တဲ့သူတွေ မပြောနဲ့ အသက်ကြီးသူတွေပါ

ပျက်တတ်တယ်။ တစ်ခါက တောရွာက ဒကာမကြီး တစ်ယောက်

သူ့သားဦးဇင်းက မန္တလေးမှာ စာသင်နေတာ။ ဒကာမကြီးက

သားကိုပြောတယ်။ မန်းလေးဆိုတာ ကြားသာ ကြားဖူးတယ်။

မရောက်ဖူးဘူး။ ဘုရားဖူး ခေါ်စမ်းပါ ဆိုတော့...



သားက ပြန်ပြောတယ်။

အမေ မြို့ မလိုက်ခဲ့နဲ့။ မြို့ဆိုတာ ပျက်တတ်တယ်။ မြို့ရောက်ရင်

အမေ ပျက်လိမ့်မယ်။

အလိုတော် ဒီအရွယ်ကြီးကျမှ ပျက်ရမယ်လို့..... ဆိုပါတော့

နောက်ဆုံးတော့ သားဦးဇင်းက ဒကာမကြီးကို မန်းလေး

ခေါ်လာတယ်။ မနက်ကျတော့ ၇ နာရီလောက် ရေချိုးပြီး

အမေ ဘုရားကြီးသွားရအောင်၊ အော်... ဟုတ် ခဏလေး။

ပြီးတော့မယ် ဦးဇင်း။ ဒါပေမယ့် အခန်းထဲက ထွက်မလာဘူး။

ဦးဇင်းက အမေ့ သွားစို့။ လာတော့လေ။ နေပူနေမယ်။

အော်.... ဟုတ်။ ခဏလေး ဦးဇင်း။ ဒီလိုနဲ့ ရှစ်နာကျော်သွားတယ်။

ဒကာမကြီးက ထွက်မလာဘူး။ ဦးဇင်းက အခန်းထဲဝင်ကြည့် လိုက်တော့

အလိုလေး.... ဒါကြောင့် အမေ မြို့ မလိုက်ခဲ့ပါနဲ့။ ပျက်တတ်တယ်ဆိုတာ။

အခုတော့ အမေ ပျက်စီးပြီး။ တောမှာ သနပ်ခါး ဘေးကြားနဲ့။ အခုတော့

လိမ်းနေ ခြယ်နေလိုက်တာ။ တစ်နာရီမက၊ နှစ်နာရီ ရှိနေပြီ။

ဘုရားသွားမှာ အမေရဲ့ ဒီလောက်လိမ်းနေ စရာလား....



အေး.... ဦးဇင်းတို့ ကိုရင်တို့လည်း စာသင်ဆိုပြီး မြို့တက်လာတာ။

ကောင်းအောင်နေ။ စာပဲ အာရုံထား။

မြို့ဆိုတာ ပျက်တတ်တယ်။ သတိထား။



အော်... ဆရာတော် လွန်တော်မူတာ ဘယ်လောက်ကြာသွားပြီးလဲ။

တပည့်တစ်ယောက်အနေနဲ့ ဆရာသမား စကား ဘယ်လောက်

လိုက်နာပြီးပြီလဲ။ အခုကော ကောင်းနေသလား။ ပျက်နေသလား။

စဉ်းစားရင်း မန်းမြေကို လွမ်းတရင်း.....

ဆရာတော့် ဂုဏ်ကျေးဇူးတွေကို အာရုံပြု ဦးချလိုက်ပါတယ်ဘုရား။





(မိုးကောင်း။ ဒေးဝန်းဆရာတော် နှစ်ပတ်လည် အမှတ်တရ)။

                                                    တပည့်။ ဥာဏ်စိုး

Saturday, 9 July 2011

MRT (Enous)


ပန်းတွေ ပွင့်နေကြတယ်။
ဧရာဝတီမြစ်ကနေ သုံးနာရီလောက် မော်တော်(စက်လှေ)နဲ့  သွားမှ ရောက်နိုင်တဲ့ မြို့ လှဆိုတဲ့
မြို့ အသစ်ကလေးကို သွားရာ ကောက်ကွေ့ချောင်းဆိုတဲ့ ချောင်းရိုးလေးပါ။ 
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်ခြားပေါ့။

Thursday, 23 June 2011

မီးနှင့် ရေဟုန်

မီးမရှိတော့မှ ရေလျှံတယ်။
ရေလျှံတော့ မီးကမလားတော့ဘူး။

ရောက်လေရာဝယ်

ရောက်လေရာဝယ်